Myanmar Web Designer Logo Let's code your dream!

Myanmar Web Designer (MWD) Co., Ltd.

Web Design, Digital Marketing, Mobile App & Graphic Design

Google ကြော်ငြာ

This post is also available in: English

Google ကြော်ငြာ

မိမိလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စကားစု တွေနဲ့ ရှာလိုက်ရင် ကိုယ့်ရဲ့ website ကို Google ရဲ့ ပထမစာမျက်နှာ ကြော်ငြာကဏ္ဍ မှာ ပြပေးထားမှာဖြစ်ပြီး ကြော်ငြာပေါ်မှာ ကလစ်နှိပ်မှသာ ပိုက်ဆံပေးရမည့် ပုံစံမျိုးဖြစ်ပါတယ်။ ကလစ်နှိပ်မှသာ ပိုက်ဆံပေးရတာဖြစ်တဲ့အတွက် စနစ်တကျနဲ့ ကြော်ငြာထားမယ်ဆိုရင် အလေအလွင့်မရှိပဲ မိမိလုပ်ငန်း အမှန်တကယ် စိတ်ဝင်စားတဲ့သူတွေသာ ကိုယ့် လုပ်ငန်း website ကို ဝင်ရောက်လေ့လာပြီး အဲ့ကနေတစ်ဆင့် enquiry တွေရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Google ကိုအသုံးပြုပြီး လူသန်းပေါင်းများစွာ ရှာနေတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Brand ကိုလဲ ပိုပြီးမှတ်မိသွားစေပါတယ်။

ဘာကြောင့် Google ကြော်ငြာကို အသုံးပြုသင့်လဲ?

Customer များများ ရရှိနိုင်ခြင်း

မိမိလုပ်ငန်းကို သိပြီးသား customer တွေအပြင် အသစ်အသစ်သော customer များရရှိနိုင်ခြင်း၊ website ကို ဝင်ရောက်ကြည့်ရှှုသူ အရေအတွက် တိုးလာပြီး၊ အဲ့ကနေ တစ်ဆင့် ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှု များများရလာနိုင်ခြင်း၊ Google မှာ ရှာလိုက်တိုင်း ကိုယ့်လုပ်ငန်းကို အမြဲတမ်းတွေ့နေရတဲ့အတွက် customer များများ တိုးလာနိုင်ပါတယ်။

ပြည်တွင်း ရော ပြည်ပရော Target ထားနိုင်ခြင်း

မိမိလုပ်ငန်းကို မြန်မာနိုင်ငံမှာသာမက အခြား နိုင်ငံများကို နိုင်ငံတစ်ခု ခြင်းစီရွေးပြီး Target ထားလို့ရသလို တစ်ကမ္ဘာလုံးကို Target ထားနိုင်တာဖြစ်တဲ့အတွက် ပြည်ပက Customer များပိုမိုရလာနိုင်ပြီး လုပ်ငန်းဈေးကွက် ပိုမိုကြီးထွားလာနိုင်ပါတယ်။

တကယ်စိတ်ဝင်စားတဲ့သူတွေဆီကို ကြော်ငြာပေးခြင်း

Google ကြော်ငြာဟာ မိမိလုပ်ငန်းကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု တွေနဲ့ သက်ဆိုင်တဲ့ စကားစုတွေအသုံးပြုပြီး Google မှာ ရိုက်ရှာနေသူတွေကိုသာ အထိရောက်ဆုံးဖြစ်အောင် ကြော်ငြာပေးပါတယ်။

Newgoogleads