Google မှာရှာတဲ့အခါ ပေါ်လာစေမယ့် SEO

SEO ဆိုတာဘာလဲ

ကိုယ့်ဝန်ဆောင်မှု၊ ထုတ်ကုန် စတာတွေနဲ့ ရှာလိုက်တဲ့အခါတိုင်းမှာ ကိုယ့်ဝဘ်ဆိုက်က Google မှာ တက်မနေဘဲ၊ ပြိုင်ဖက် website တွေသာ ပေါ်ပေါ်လာတာကို စိတ်အလိုမကျဖြစ်နေပါသလား? ဒါဆိုရင် SEO ဝန်ဆောင်မှုက လူကြီးမင်းအတွက်ပါ။ SEO ဆိုတာ Search Engine Optimization ရဲ့ အတိုကောက်ဖြစ်ပြီး၊ ဒီဝန်ဆောင်မှုကို သုံးလိုက်တာနဲ့ လူကြီးမင်းရဲ့ website ကို သတ်မှတ်ထားတဲ့ စကားစုတွေနဲ့ Google မှာရှာနိုင်သွားမှာဖြစ်ပါတယ်။

စကားစု သတ်မှတ်ခြင်း

အထက်ပါ စာပိုဒ်မှာ "သတ်မှတ်ထားတဲ့ စကားစုတွေ" လို့သုံးနှုန်းထားတာကို သတိထားမိမှာပါ။ SEO လုပ်လိုက်တာနဲ့ ဘာနဲ့ရှာရှာ တက်နေမှာတော့မဟုတ်ပါဘူး။ အဲဒီလို လုပ်ပေးနိုင်တဲ့လူလည်း မရှိပါဘူး။ ဒါကြောင့် တက်စေချင်တဲ့ စကားစု (keyword) တွေကို ရွေးချယ်ပေးရပါတယ်။ အဲဒီလိုရွေးချယ်တဲ့အခါမှာ ကိုယ့်လုပ်ငန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စကားစုကို ရွေးချယ်ဖို့ အင်မတန်အရေးကြီးပါတယ်။ လူရှာများပေမယ့် မဆိုင်တဲ့ keyword တွေကိုရွေးမိမယ်ဆို website ဝင်ကြည့်သူများတာသာ အဖတ်တင်ပြီး အလုပ်အပ်သူ/စားသုံးသူ ရမှာမဟုတ်ပါဘူး။

Website ရှိသူတိုင်း SEO ဘာကြောင့်လုပ်သင့်လဲ

အခုခေတ်မှာ website တွေများလာတဲ့အတွက် အလျင်ခေတ်ကလို website လိပ်စာတွေမှတ်ပြီး ဝင်ကြည့်တဲ့သူ မရှိတော့ပါဘူး။ ဘာပဲလိုလို Search Engine တွေကနေတစ်ဆင့် ရှာကြပါတယ်။ လူကြီးမင်းပေးတဲ့ ဝန်ဆောင်မှု (သို့) ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး လစဉ်ရှာဖွေနေသူ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျနော်တို့ MWD က ပြောပြပေးနိုင်ပါတယ်။
ပုံမှန်ကြော်ငြာနည်းတွေက ကြော်ငြာပြီးတဲ့နောက် ဘာမှပြန်မသိနိုင်ပါဘူး။ SEO ကတော့ ကိုယ်ပေးတဲ့ဝန်ဆောင်မှု (သို့) ထုတ်ကုန်ကို ရှာလိုက်တဲ့အခါတိုင်းမှာ ကိုယ့် website က ပေါ်လာမှာဖြစ်လို့ ထိရောက်မှုအတိုင်းအတာ မြင့်ပါတယ်။ SEO လုပ်ပြီးတဲ့နောက်မှာလည်း လာကြည့်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ မိမိ website ပေါ်မှာ ဘယ်လိုသုံးသွားတာကအစ စောင့်ကြည့်နိုင်ပါတယ်။
Facebook နဲ့ Google PPC (Pay Per Click) ကြော်ငြာအမျိုးအစားတွေက နှိပ်ကြည့်သူအနည်းအများပေါ်မူတည်ပြီး ကုန်ကျစရိတ် ပြောင်းလဲနိုင်ပေမယ့် SEO ကတော့ဝင်ကြည့်သူ ဘယ်လောက်များများ ကုန်ကျစရိတ် ထပ်မကုန်ပါဘူး။

ကျနော်တို့ MWD ရဲ့ SEO အားသာချက်များ

(၁) Google အပြင် Bing, Yahoo တို့တွင်လည်း ရှာနိုင်စေရန် ပြုလုပ်ပေးခြင်း

Google သည် လူသုံးအများဆုံး ဖြစ်သော်လည်း နိုင်ငံဒေသအလိုက် Bing နှင့် Yahoo ကိုလည်း သုံးကြပါသည်။ ထို့ကြောင့် ၎င်းတို့မှတစ်ဆင့်လည်း ရှာနိုင်ရန် အရေးကြီးပါတယ်။ MWD မှာတော့ ဒီ Search Engine တွေအားလုံးမှာ ရှာနိုင်အောင် ပြုလုပ်ပေးမှာဖြစ်လို့ အထူးစိတ်ပူစရာ မရှိပါဘူး။

(၂) SEO အပြင် website အမြန်နှုန်းပါ မြှင့်တင်ပေးခြင်း

သုတေသနပြုလုပ်ချက်များအရ Webpage များ မြန်မြန်ပေါ်ပါက ၎င်း website ပေါ်က အကြောင်းအရာတွေကို ပိုဖတ်ဖြစ်ကြပါတယ်။ SEO ကြောင့် Google မှာတက်နေပေမယ့် တစ်ကယ်တန်း website ကိုဝင်ကြည့်တဲ့အခါ website ပေါ်တာနှေးနေမယ်ဆို ဘယ်သူမှ စိတ်ရှည်ရှည် စောင့်နေကြမှာမဟုတ်ပါဘူး။ ဒါကြောင့် SEO လုပ်တာလည်း ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကျနော်တို့ MWD က SEO လုပ်တာနဲ့ website ကိုလည်းမြန်အောင် ပြုလုပ်ပေးပါတယ်။

(၃) Website အတွင်းရှိ စာသားများ လိုအပ်လျှင် ပြင်ဆင်ရေးသားပေးခြင်း

(၄) လူကြီးမင်း၏ website အား user များအသုံးပြုပုံကို လစဉ် report ပေးပြီး website အား ပြုပြင်ပြောင်းလဲသင့်သည်များကို အကြံပေးခြင်း၊ ပြောင်းလဲပေးခြင်း။