Myanmar Web Designer Logo Let's code your dream!

ဝဘ်မေးလ် ဝန်ဆောင်မှု – လုပ်ငန်းသုံး အီးမေးလ်

This post is also available in: English

လုပ်ငန်းအတွက် Webmail သုံးပါ

Gmail ဆိုရင် (@gmail.com) နဲ့လာတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်ရံ (@ကုမ္ပဏီနာမည်.com) ဆိုတဲ့ မေးလ်နဲ့ ပို့လာတာမျိုး တွေ့ဖူးမှာပေါ့။ အဲလိုမေးလ်မျိုးကို Webmail လို့ခေါ်ပါတယ်။ သူတို့ဘာလို့ Webmail ကိုသုံးကြပါလိမ့်? လုပ်ငန်းတွေမှာ ဘယ်လိုအထောက်အကူ ဖြစ်စေလဲ? ဘာကြောင့်သုံးသင့်တာလဲ ? ဆိုတာ အောက်က အချက်တွေမှာ ဖော်ပြပေးထားပါတယ်။

ဝဘ်မေးလ် အသုံးပြုခြင်း၏ အားသာချက်များ

  • @gmail.com အစား @ကိုယ့်ကုမ္ပဏီနာမည်.com နဲ့ဖွင့်လို့ရတာကြောင့် ကိုယ့်ကုမ္ပဏီနာမည်နဲ့ တစ်ခါတည်းတွဲသိနိုင်ခြင်း
  • ရင်းနှီးပြီးသား Gmail ဒီဇိုင်းအတိုင်းလည်းသုံးလို့ရတာကြောင့် ဝင်ရောက်အသုံးပြုဖို့လွယ်ကူခြင်း
  • ကုမ္ပဏီ Web Page တစ်ခုတင်ထား နိုင်တာကြောင့် မိမိထုတ်ကုန်နဲ့ ဝန်ဆောင်မှုအကြောင်းကို Customer မှ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း
  • လုပ်ငန်းအတွက် Impression ကောင်းခြင်း
  • ဖုန်းနဲ့လည်း အသုံးပြုလို့ရတာကြောင့် အချိန်မရွေး မြန်မြန်နဲ့အလွယ်တကူ Email ပို့နိုင်ခြင်း
  • လုပ်ငန်း နဲ့ အဖွဲ့အစည်းတွေ အသုံးများတဲ့ Workplace နဲ့လည်း အသုံးပြုလို့ရခြင်း
  • ကုမ္ပဏီ၏ တာဝန်ရှိသူအဖြစ် ပြသနိုင်ခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။