Myanmar Web Designer Logo Let's code your dream!

This post is also available in: မြန်မာဘာသာ

Website ကို လူသုံးများလာအောင်လုပ်တဲ့ နည်းတွေထဲမှာ Search-Engine Rankings တွေ တက်အောင်လုပ်တဲ့နည်းကိုပဲ Web Owner တွေ အာရုံကျနေကြပါတယ် ။ ဒါကြောင့် MWD က Web Owner တွေမေ့နေတဲ့ Website လူသုံးများလာစေမယ့် Offline Marketing Strategies တွေကို မျှဝေပေးချင်ပါတယ် ။

၁။ Word of Mouth

☑ Website တည်ထောင်ပြီးတဲ့ အခါ လုပ်ငန်းရှင်ဖြစ်တဲ့ သင်ကိုယ်တိုင်က Website အကြောင်း စပြောပါ။

Call Center က လူတွေ ၊ Sales Persons တွေ၊ Account Manager တွေအပြင် Customer နဲ့ ဆက်ဆံနေရတဲ့ လူတွေအကုန်လုံးကို Website ရှိနေပြီဖြစ်ကြောင်း၊ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို Website ထဲမှာ အလွယ်တကူရနေပြီဖြစ်ကြောင်း ထည့်ပြောဖို့ အမြဲမှာကြားနေသင့်ပါတယ် ။

ဒါမှ Customer တွေက သူတို့ ညွှန်းဆိုခြင်းခံရတဲ့ Website ကိုအသုံးပြုကြည့်ပြီး Website Based Experience တွေကို စတင်ရရှိကာ Traffic တွေလည်း တိုးလာမှာဖြစ်ပါတယ် ။

၂။ Business Stationary

☑ Business Card , Letterheads, Envelopes , Brochure တွေအပြင် တစ်ခြား paper-based promotional တွေမှာ Logo နဲ့အတူ Website Address ထည့်သွင်းပေးသင့်ပါတယ် ။

ဥပမာ – Business Card တွေမှာ Website Address လေး ထည့်ရေးထားမယ်ဆိုရင် ( Business Card + Website ) ပြည့်စုံတဲ့ Business Card တစ်ခုရဲ့ Impression ကို ရရှိမှာပါ ။
Business Card တွေဆိုတာ အချင်းချင်းလိုအပ်ရင် ဆက်သွယ်ဖို့ လဲလှယ်ကြတာဖြစ်ပြီး Website ပါ ပါနေတဲ့ အတွက် ကိုယ့်လုပ်ငန်းအကြောင်းရှင်းပြပြီးသားဖြစ်စေပါတယ် ။ လူတိုင်းက ကိုယ်အလုပ်တွဲလုပ်မယ့် လူအကြောင်း၊ လုပ်ငန်းအကြောင်း သိချင်တာမို့ Website ထဲကို သေချာပေါက်ဝင်ကြည့်မှာဖြစ်ပါတယ် ။

၃။ Miscellaneous Marketing Materials

☑ နံပါတ် ၂ အချက်နဲ့ တူညီပြီး ယူနီဖောင်းအပြင် Giveaway item တွေဖြစ်တဲ့ တီရှပ်၊ mouse pad ၊ ဖောင်တိန်၊ ပြက္ခဒိန်၊ စသဖြင့် လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါဝင်ပါတယ် ။

Website တွေဟာ ကြော်ငြာအများစုမှာ လစ်လပ်နေတဲ့ အကောင်းဆုံး Call To Action တွေဖြစ်ပါတယ် ။

၄။ အစည်းအဝေးတွေတိုင်းမှာ Website အကြောင်း ထည့်ပြောပါ

☑ အစည်းအဝေးတွေဆိုတာ In person တွေ့ရတဲ့ နေရာတွေဖြစ်ပြီး သင်လုပ်ဆောင်နေရတဲ့ Power Point တွေထဲမှာ Website ကို သွယ်ဝိုက်ညွှန်းပေးနိုင်မယ်ဆိုရင် Traffic တွေတိုးလာမှာပါ ။

ဥပမာ – ကျနော်ကတော့ အချိန်အရ ဒီနည်းပညာနဲ့ ပတ်သတ်ပြီး အကျဉ်းချုံးပြောသွားတာဖြစ်ပါတယ် ။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ … ဒီ Website ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် စသဖြင့် ဖြစ်ပါတယ် ။

Website နဲ့ပတ်သတ်တဲ့ ဗဟုတ်သုတတွေကို အမြဲမျှဝေပေးနေမှာမို့ MWD Website ထဲ အချိန်ရတိုင်း အလည်လာခဲ့ဖို့ မမေ့ပါနဲ့နော် ။