Myanmar Web Designer Logo Let's code your dream!

လိုဂိုဒီဇိုင်း ဆိုတာ ကုမ္ပဏီလုပ်ငန်းတိုင်းအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ပါ။ ဒီလို လုပ်ငန်းတိုင်းရဲ့ အဓိကကိုယ်စားပြုအမှတ်တံဆိပ် လိုဂိုတွေကို ရှေးခေတ် ဂရိလူမျိုးတွေကနေ စတင်တီထွင်ခဲ့ကြတာ ဖြစ်ပြီး အမျိုးအစားအနေနဲ့ (၇)မျိုး ခွဲခြား သတ်မှတ်ထားပါတယ်။

စာလုံးတိုများဖြင့် အသုံးပြုရေးဆွဲခြင်း၊ အထူးသဖြင့် Company နာမည်ရဲ့ထိပ်စာလုံးများကို ယူ၍ ရေးဆွဲဖန်တီးထားတာမျိုး ဖြစ်ပါတယ်။
>>> ဥပမာ : MWD, LG, BBC,….

Company နာမည်ကိုပဲ အဓိက focus လုပ်ကာ ဖန်တီးခြင်းမျိုးဖြစ်ပါတယ်။ များသောအားဖြင့် ခေါ်ဆိုရလွယ်ကူသော ကုမ္ပဏီနာမည်များမှာသာ အသုံးပြုသင့်ပါတယ်။
>>> ဥပမာ : Canon, Nescafe, Google,…

Graphic ကို အခြေခံရေးဆွဲခြင်းမျိုးဖြစ်ပါတယ်။ ဒီလို Logo မျိုး ရေးဆွဲတဲ့အခါမှာတော့ ကိုယ့်လုပ်ငန်းအပေါ် အထောက်အကူဖြစ်စေပြီး အဓိပ္ပါယ်ပေါ်လွင်စေဖို့ အရေးကြီးပါတယ်။
>>> ဥပမာ : Apple logo, Twitter logo,..

4. Abstract mark

Symbols logo နဲ့ တူညီပြီး ကွဲပြားချက်ကတော့ အရောင်ကာလာကို ဆန်းသစ်ပြီး ကျစ်လစ်ပေါ်လွင်စေတဲ့ ဒီဇိုင်းမျိုး ရေးဆွဲရမှာပါ။
>>> ဥပမာ : Pepsi , Adidas, Olympic,….

ဒီ logo မှာဆိုရင်တော့ Character တစ်ခုကို illustrate လုပ်ပြီး ဖန်တီးတာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် Company ရဲ့အရေးပါတဲ့သူ (သို့) Business type တစ်ခုခုကို ကိုယ်စားပြုမည့် အရာမျိုးကို အသုံးပြု ရေးဆွဲရမှာပါ။
>>> ဥပမာ : KFC , Premier League’s Lion logo, Pringles,….

6. Combination mark

Logo အမျိုးအစား နှစ်ခု (သို့) နှစ်ခုထက်ပိုပြီး ပေါင်းစည်းရေးဆွဲထားတာမျိုးဖြစ်ပါတယ်။ Icon + Text ကို အပေါ်အောက် (သို့) ဘေးတို့ ယှဉ်တွဲပြီး ရေးဆွဲခြင်းကို​ ခေါ်ပါတယ်။
>>> ဥပမာ : Pizza Hut, Adidas, ….

Symbols မှာ Text ကို ထည့်သွင်းအသုံးပြုခြင်းဖြစ်ပါတယ်။ Emblem Logo ရေးဆွဲတဲ့အခါမှာ မထင်မရှားဖြစ်စေနိုင်မယ့် ဖောင့်အသေးမျိုး မသုံးသင့်ပါဘူး။
>>> ဥပမာ : Starbucks Coffee, NFL, Manchester United,….

ဒီလောက်ဆိုရင် လိုဂိုအကြောင်း စုံစုံလင်လင် သိလောက်ပြီလို့ ထင်ပါတယ်။
|
အကယ်၍ လိုဂိုဒီဇိုင်းကောင်းတွေကို အပ်နှံချင်တယ်ဆိုရင်တော့ Myanmar Web Designer မှ လှပပြီး ဆွဲဆောင်မှုရှိစေမယ့် လိုဂို ဒီဇိုင်းကောင်းများကို ကျွမ်းကျင်ပြီး လုပ်ငန်းအတွေ့အကြုံရှိသော ဒီဇိုင်နာများက သေသပ်ကျနစွာ ဖန်တီးရေးဆွဲပေးနေကြောင်းကို သတင်းကောင်းလေး ပါးလိုက်ပါရစေ။ ???

**လုပ်ငန်းအားလုံး Online မှတဆင့် အောင်မြင်စွာချဲ့ထွင်နိုင်ရမည်**