Myanmar Web Designer Logo Let's code your dream!

This post is also available in: မြန်မာဘာသာ

Website တစ်ခုကို အောင်မြင်အောင် တည်ဆောက်တယ်ဆိုတာ အဆောက်အဦကြီးတစ်ခုကို တည်ဆောက်တာနဲ့တူညီပါတယ် ။ အဆောက်အဦတစ်ခုမှာ သူ့ကို ထောက်ခံပေးထားတဲ့ ထောက်တိုင်ကြီးတွေထဲက တစ်ခုအားနည်းသွားတာနဲ့ နေဖို့မသင့်တဲ့ အဆောက်အဦတစ်ခုဖြစ်လာမှာဖြစ်ပြီး Website တည်ဆောက်ရာမှာလည်း The Six Pillars of Website Development လို့ လူသိများတဲ့ ထောက်တိုင်တွေကို ညီညီမျှမျှအားကောင်းအောင် ဆောင်ရွက်ဖို့ အရေးကြီးပါတယ် ။

၁။ Usability

Website Load Speed 1 စက္ကန့် ကြာချိန်လေးဟာ Customer တွေရဲ့ စိတ်ကျေနပ်မှုကို ၁၆ % လောက် လျော့ကျသွားစေနိုင်ပါတယ် ။ ဒါကြောင့် Website ကို သုံးရလွယ်ကူလျှင်မြန်နေအောင်လုပ်ပေးရပါမယ် ။ Business တွေရဲ့ ရည်ရွယ်ချက်ဟာ Customers တွေနဲ့သူတို့လိုအပ်တဲ့ Products တွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ထိတွေ့နိုင်စေချင်တာဖြစ်လို့ လျှင်မြန်မှုနဲ့အတူ Navigation bars, Menus, Content, Images, Videos, Hyperlinks, Buttons, Forms တွေအားလုံးဟာ အစီအစဉ်တစ်ကျ ဖြစ်နေစေရပါမယ် ။

၂။ Accessibility

▪ Website ကို Customer အမျိုးမျိုး အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးရပါမယ် ။
Browser အမျိုးမျိုးကနေ ဝင်ကြည့်လို့ရလာအောင်လုပ်မယ်၊ ဘာသာစကားအခက်အခဲ အဆင်ပြေအောင် Myanmar ကော၊ English ကော၊ Chinese ကော သုံးခုထားမယ် စသဖြင့် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ် ။

၃။ Aesthetics

▪ ဒါက သင့် Website ကို သုံးစွဲရတဲ့ အမြင်နဲ့ခံစားမှုကို ကောင်းမွန်အောင်လုပ်ရတဲ့အပိုင်းဖြစ်ပါတယ် ။ ကာလာသုံးစွဲပုံ ၊ ပုံ သုံးစွဲပုံ၊ Text Fonts တွေရဲ့ စတိုင်နဲ့သွင်ပြင် ၊ Layout စတဲ့အပိုင်းတွေပါဝင်ပါတယ် ။  များသောအားဖြင့် Website ပိုင်ရှင်တွေက Aesthetics အပိုင်းကို အရေးအကြီးဆုံးအပိုင်းလို့ ရှုမြင်တတ်ကြတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်လုပ်မိပြီး Usability နဲ့တစ်ခြား ကဏ္ဍတွေကို အားနည်းစေတတ်ပါတယ် ။

၄။ Development

▪ အများစုသော Website Owner တွေက Website Development ပိုင်းကို နည်းပညာပိုင်းပဲ ငါတို့နားလည်မှာမဟုတ်ဘူး ဆိုပြီး လျစ်လျူရှုတတ်ကြပါတယ် ။  ဒါပေမယ့် Website Owner တွေဟာ အသေးစိတ်ကိုနားမလည်ရင်တောင်မှ Concept တွေကို ခြုံငုံမိနေဖို့တော့လိုအပ်ပါတယ် ။

လေ့လာမှုတွေအရ အောင်မြင်တဲ့ Website ပိုင်ရှင်အများစုဟာ Development ပိုင်းကို အသေးစိတ် မဟုတ်ပဲ Concept သဘော သိရန်လိုအပ်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတယ်လို့ ဆိုပါတယ် ။ မသိဘူးဆိုပြီး ဘာမှ မလေ့လာဘူးဆိုရင် Technicians တွေနဲ့ ပြေပြစ်စွာ ဆက်သွယ်နိုင်ဖို့ခက်မှာဖြစ်ပြီး ကိုယ်လိုချင်တဲ့ Site ရဲ့ အောင်မြင်မှုတွေအတွက် တောင်းဆိုဖို့လည်း ခက်ဦးမှာပါ။

၅။ Content

▪ Content ဖန်တီးခြင်းကလည်း Website Owner တွေ လုပ်ဖို့ ညွန်ကြားရမယ့် တာဝန်တစ်ခုဖြစ်ပြီး မလုပ်တဲ့ Owner တွေက ပိုများပါတယ် ။ Killer Content တွေဟာ Website အောင်မြင်ဖို့အတွက် အရေးအပါဆုံးအပိုင်းတွေထဲကတစ်ခုဖြစ်ပါတယ် ။ Site ထဲမှာ Products တွေ တင်ရောင်းတာမျှမဟုတ်ပဲ Customers တွေအတွက် အသုံးဝင်တဲ့သတင်းအချက်အလက်များဖန်တီးပေးခြင်းက Site အတွင်း အချိန်ကြာကြာရှိစေပြီး ကုန်ပစ္စည်းရောင်းရနိုင်ချေပိုမြင့်ပါတယ် ။ ဒါကြောင့် အခုဆိုရင် Web Owner အများစုဟာ Web Experienced Copywriter တွေကိုအလုပ်ခန့်လာကြပါပြီ ။

၆။ Objectives

▪ အပေါ်က (၅)ချက်ကိုပဲ ပင်မထောက်တိုင်ကြီးတွေအဖြစ်သတ်မှတ်ရင်လည်း ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်အတွက် ခြုံငုံသုံးသပ်မှုအပိုင်းမှာ အားနည်းသွားနိုင်ပါတယ် ။  ဒါကြောင့် Website Investment ဆီကနေ ခြောက်လအတွင်း Sale % ဘယ်လောက်မြင့်လာရမယ် တစ်နှစ်အတွင်း ဘယ်လောက်မြင့်လာရမယ်ဆိုတဲ့ Long Term , Short Term Objectives တွေကလည်း အရေးအကြီးဆုံးအချက်တွေထဲကတစ်ခုဖြစ်ပါတယ် ။

◼လူကြီးမင်းတို့ Website တွေမှာရော ဒီခြောက်ချက်လုံး အညီအမျှလုပ်နေပါရဲ့လား ❓

◾Websiteနဲ့ပတ်သတ်တဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကိုရယူချင်တယ်ဆိုရင်တော့ MWD Website အတွင်းက ဖုန်းနံပါတ်နှင့် မေးလ်လိပ်စာများသို့ စုံစမ်းမေးမြန်းနိုင်ပါတယ် ။