Myanmar Web Designer Logo Let's code your dream!

Myanmar Web Designer (MWD) Co., Ltd.

Web Design, Digital Marketing, Mobile App & Graphic Design

This post is also available in: မြန်မာဘာသာ

Website ဆိုတာဟာ လုပ်ငန်းသစ် ၊ လုပ်ငန်းငယ်လေးများကို အောင်မြင်စေနိုင်သလို အောင်မြင်ပြီးလုပ်ငန်းကြီးများကိုလည်း အောင်မြင်မှု အဆပေါင်းများစွာမြှင့်တင်ပေးနိုင်ပါတယ်။

ဒါပေမယ့် Website ကောင်းတစ်ခုကသာ လုပ်ငန်းအောင်မြင်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ပြီး သာမာန်အဆင့်သာရှိတဲ့ website ကတော့ အချိန်ကုန်၊ ငွေကုန်နဲ့ လူပင်ပန်းခြင်းသာ အဖတ်တင်စေတတ်ပါတယ်။

လုပ်ငန်းအောင်မြင်မှုအတွက် website ကောင်းတစ်ခု ရှိကိုရှိသင့်တဲ့အပြင် ကျနော်တို့ Myanmar Web Designer (MWD) Co., Ltd. က သြင်္ကန်အထူးအစီအစဉ်အနေနဲ့ ၁၀% လျှော့ဈေးနဲ့ လုပ်ပေးမှာမို့လို့ အခုအချိန်က လူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက်
Website ကောင်းတစ်ခု ရယူဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

အသေးစိတ်ကို 09-431-33843 သို့ဆက်သွယ်မေးမြန်းနိုင်သလို အောက်မှာလည်း ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ Website ကောင်းတစ်ခုမှာ မဖြစ်မနေပါဝင်ရမယ့်အချက်တွေကို ကျနော်တို့ MWD က ကောင်းစွာသိရှိထားသလို၊ လူကြီးမင်းရဲ့လုပ်ငန်း website မှာ အောင်မြင်စွာ ထည့်သွင်းအသုံးချပေးနိုင်ပါတယ်။ အဲဒီအချက်တွေထဲက အချို့ကတော့ –

  • Google မှာ အလွယ်တကူရှာဖွေနိုင်ရပါမယ်
  • Vsitors တွေကို Action တစ်ခုခု (Call, Enquiry, ..) လုပ်ဖို့ဆွဲဆောင်နိုင်ရပါမယ်
  • ပေါ့ပါး၊ မြန်ဆန်ရပါမယ်

အသေးစိတ်ကိုတော့ ကျနော်တို့ဆီက ဝန်ထမ်းများနဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။ ကျနော်တို့ MWD ကို website ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် လူသိများပြီး ယခုလက်ရှိမှာ အလုပ်အပ်သူပေါင်း ၆၀၀ ကျော်က ယုံကြည်စွာ အလုပ်အပ်နှံထားကြပါတယ်။ ကျနော်တို့ရဲ့ customer အချို့ကို MWD ကို ဘာကြောင့်ယုံကြည်၊ အားထားကြပါသလဲလို့ စစ်တမ်းကောက်လိုက်တဲ့အခါမှာ အောက်ပါအချက်အတွေ တူညီနေတာတွေ့ရပါတယ်။

(၁) ဈေးနှုန်းသင့်တင့်ခြင်း

MWD မှဈေးနှုန်းများဟာ ဝန်ဆောင်မှုပေါ်အခြေတည်ပြီး တွက်ချက်ထားတဲ့အတွက် overprice ဖြစ်နေတာမျိုးမရှိဘဲ လူကြီးမင်းကုန်ကျသောစရိတ်ထက် ပိုကောင်းသော၊ ပိုတန်သော ဝန်ဆောင်မှုကိုသာ ရရှိစေမှာပါ။ ဒါ့အပြင် အခုအချိန်မှာ website package တိုင်းကို ၁၀% လျှော့ပေးဦးမှာဆိုတော့ အတိုင်းအထက်အလွန်ပေါ့။

(၂) နှစ်စဉ်ကြေးသက်သာခြင်း

ကျနော်တို့ MWD က နှစ်စဉ်ကြေးကို ၉၅,၀၀၀ အထိ လျှော့ထားပေးပြီး website update နဲ့ supporting တွေကိုလည်း အခမဲ့လုပ်ပေးလို့ ရေရှည်လက်တွဲလို့ကောင်းတဲ့အပြင် လူကြီးမင်းတို့အတွက်လည်း website ရဲ့ နှစ်စဉ်ကုန်ကျစရိတ်က ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေပါဘူး။

(၃) Website quality ကောင်းခြင်း

အလုပ်အပ်သူက Website ကို စိတ်ကျေနပ်ပြီးသည့်တိုင် MWD QC (Quality Control) team မှ နည်းပညာကျွမ်းကျင်သူများက Website ကောင်းတစ်ခုဖြစ်စေဖို့၊ Google နှင့်အခြား search engines တွေမှာ အ
လွယ်တကူရှာနိုင်စေဖို့နဲ့ အခြားနည်းပညာဆိုင်ရာ လုပ်ဆောင်ချက်များကို စစ်ဆေးထည့်သွင်းပေးလို့ Myanmar Web Designer (MWD) Co., Ltd. မှာ website အပ်မယ်ဆို website အကြောင်းမသိရင်တောင်မှ website ကောင်းတစ်ခုရဖို့စိတ်ချထားနိုင်ပါတယ်။

(၄) ဝန်ဆောင်မှုပေးတဲ့အခါမှာ စိတ်ရှည်ခြင်း

လူကြီးမင်းရဲ့ website ကို လူကြီးမင်းကိုယ်တိုင် စိတ်တိုင်းကျဖို့က အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ စိတ်တိုင်းကျနိုင်ဖို့ဆိုတာကလည်း ရှေ့တိုးနောက်ငင် ပြင်ဆင်ချက်တွေ လုပ်ရပါတယ်။ ဒီအချက်ကို ကျနော်တို့ MWD က ကောင်းစွာနားလည်ထားတဲ့အတွက် ကျနော်တို့ MWD နဲ့ အလုပ်လုပ်တဲ့အခါမှာ စိတ်ရှည်စွာဆောင်ရွက်ပေးလို့ လူကြီးမင်းတို့စိတ်ချမ်းသာမှု ရရှိစေမှာပါ။

(၅) Website ကိုအလွယ်တကူ ပြောင်းလွယ်ပြင်လွယ်နိုင်ခြင်း

ကျနော်တို့ MWD ကပြုလုပ်ပေးတဲ့ website တွေဟာ ကိုယ်တိုင်ပြင်ဆင်ဖို့ အင်မတန်မှလွယ်ကူအောင် ပြုလုပ်ထားပေးပါတယ်။ ပုံနှင့်စာတင်မကဘဲ layout နှင့် background color တွေကိုပါ အလွယ်တကူ ပြင်ဆင်နိုင်လို့ အရေးပေါ်ကိစ္စတွေ၊ ရုံးပိတ်ရက်တွေမှာ မိမိကိုယ်တိုင် အလွယ်တကူပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မပြင်အားတဲ့သူများအတွက်လည်း website data တွေ အခမဲ့ပြင်ဆင်ပေးပါတယ်။

ဒီအချက်တွေက ကျနော်တို့ MWD ရဲ့ customer များပေးသော feedback များထဲက ကောက်နှုတ်ထားတာဖြစ်ပါတယ်။ လူကြီးမင်းအနေနဲ့လည်း website အပ်ဖို့ အားထားရတဲ့ company ကောင်းတစ်ခုရှာနေမယ်ဆိုရင် ကျနော်တို့ MWD မှ အထက်ပါအချက်များရရှိစေဖို့ အထူးအာမခံပါတယ်။ Customer များကပေးထားတဲ့ review များကို https://facebook.com/myanmarwebdesigner/reviews/ မှာ ဝင်ရောက်ကြည့်ရှုပြီး ကျနော်တို့ MWD ရဲ့ ဝန်ဆောင်မှုကို အကဲဖြတ်၊ သုံးသပ်နိုင်ပါတယ်။

“မြန်မာနိုင်ငံရှိ လုပ်ငန်းများအားလုံး အင်တာနက်ပေါ်တွင် *အောင်မြင်စွာ* ချဲ့ထွင်နိုင်ရမည်။”