Myanmar Web Designer Logo Let's code your dream!

Mobile App ရေးဆွဲခြင်း ဝန်ဆောင်မှု (Android/ iOS)

ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို ဝယ်သူတွေ အလွယ်တကူ နဲ့ မြန်မြန်ဆန်ဆန် ဝယ်နိုင်ဖို့အတွက် စီးပွားရေး လုပ်ငန်းများရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းကတော့ ကိုယ်ပိုင် Mobile App ပါပဲ။

ကောင်းမွန်တဲ့ Mobile App တစ်ခုဟာ အသစ်ရလာတဲ့ ဝယ်သူတွေကို အမြဲတမ်းအားပေးမယ့် ဖောက်သည်တွေဖြစ်လာစေတဲ့အပြင် အချိန်ခဏအတွင်းမှာပဲ ထုတ်ကုန် နဲ့ ဝန်ဆောင်မှုတွေအကြောင်းကို သိစေ၊ ဝယ်စေနိုင်တာကြောင့် ရောင်းအားလည်း ပိုတိုးစေပါတယ်။

မြန်မာ ဝဘ် ဒီဇိုင်နာမှာဆိုရင်တော့ လူကြီးမင်းတို့ လုပ်ငန်းအတွက် Android App နှင့် iOS App များ ရေးဆွဲခြင်း ဝန်ဆောင်မှု ပေးလျှက် ရှိပါတယ်။ Android နှင့် iOS  နှစ်ခုစလုံးအတွက် ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် အချိန် နဲ့ ငွေကုန် ကျမှု သက်သာစေပြီး App ကောင်းကောင်းရဖို့ အာမခံပါတယ်။

mwd mobile dev 1

ဘာကြောင့် ကျနော်တို့နှင့် အလုပ်အပ်သင့်သလဲ

  • App ရေးတဲ့အခါ Android, iOS နှစ်မျိုးလုံးအတွက်ရေးပေးလို့ လူကြီးမင်းကို ငွေကုန်ကြေးကျ သက်သာစေခြင်း။
  • မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်းအက်ပ် ဖန်တီးရေး ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် လူကြီးမင်းအတွက် ကြီးကြီးသေးသေး လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော အက်ပ်တစ်ခုကို ဖန်တီးပေးနိုင်ခြင်း။
  • အတွေ့အကြုံရှိသော Android၊ iOS နှင့် desktop software ဖန်တီးသူများဖြင့် ဖွဲ့စည်းထားခြင်း။
  • ဒါ့အပြင် ဘန်ကောက်မြို့ရဲ့ အကောင်းဆုံး မိုဘိုင်းအက်ပ် ဖန်တီးရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Digital Agency Bangkok Co., Ltd. ရဲ့
    မိတ်ဖက်လည်းဖြစ်တဲ့အတွက် နိုင်ငံတကာအတွက်ပါ ကူညီဆောင်ရွက်ပေးနိုင်ခြင်း။

မိုဘိုင်းအက်ပ်နှင့် desktop software ဖန်တီးရေး ဝန်ဆောင်မှုများအကြောင်း ဖြစ်စေ၊ လူကြီးမင်းရဲ့ စီးပွားရေးကို နောက်တစ်ဆင့် တိုးတက်အောင်
ဘယ်လိုလုပ်နိုင်မယ်ဆိုတာ သိလိုတာဖြစ်စေ ကျနော်တို့ကို အခုပဲ ဆက်သွယ်လိုက်ပါ

လုပ်ငန်းအတွက် Mobile App တစ်ခု ဘာကြောင့် ရှိထားသင့်သလဲ?

၁။ လုပ်ငန်းပေါ် ယုံကြည်မှုတိုးပြီး အထင်ကြီးစေခြင်း

မြန်မာနိုင်ငံမှာ လုပ်ငန်းတော်တော်များများက Mobile App မရှိထားပါဘူး။ နည်းပညာနဲ့ မရင်းနှီးကြတာကြောင့်လည်းဖြစ်သလို၊ စရိတ် မသုံးစွဲနိုင်တာကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုဟာ Mobile App ရှိတယ်ဆိုရင်ပဲ ဝယ်သူတွေရဲ့အမြင်မှာ မိမိလုပ်ငန်းကို အောင်မြင်၊ တိုးတက်နေတဲ့ လုပ်ငန်းတစ်ခုလို့ အလိုလိုမြင်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ဝယ်သူတွေရဲ့ ယုံကြည်မှုကိုပို ရလာစေမှာဖြစ်သလို ရောင်းအားလည်း ပိုတိုးလာစေမှာဖြစ်ပါတယ်။ အဲဒီအခါ အမှန်တစ်ကယ် အောင်မြင်၊ တိုးတက်နေတဲ့လုပ်ငန်းတစ်ခုအဖြစ်ကို ရောက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင်  Branding တည်ဆောက်ခြင်းအတွက်  သုံးစွဲသူက ကိုယ့်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို မြန်မြန် မှတ်မိစေပါတယ်။ မြန်မာ ဝဘ် ဒီဇိုင်နာမှ ရေးဆွဲပေးတဲ့ Mobile App များဟာ ဆွဲဆောင်မှုရှိ၊ လှပသေသပ်တာကြောင့် လူကြီးမင်းရဲ့ လုပ်ငန်းကို ထင်ဟပ်စေသော Mobile App ကောင်းတစ်ခု ရရှိစေမှာဖြစ်ပါတယ်။

၂။ သုံးရလွယ်ခြင်းကြောင့် စားသုံးသူတိုးပြီး ရောင်းအားတက်စေခြင်း

လူတော်တော်များများက Computer ၊ Laptop တွေရှေ့ အချိန်တိုင်းမရှိနိုင်ပေမယ့် Mobile Phone ကတော့ အချိန်တော်တော်များများ လက်ထဲမှာ ရှိနေတတ်ပါတယ်။ ဒါ့အပြင် Mobile Phone က Computer ၊  Laptop တွေထက် လူကြီးလူငယ်မရွေး ပိုပြီး ရင်းနှီးကျွမ်းဝင်ကြပါတယ်။ ဒါကြောင့် မိမိထုတ်ကုန်နဲ့ ဝန်ဆောင်မှုအတွက် Mobile App တစ်ခု ပြုလုပ်ထားခြင်းဖြင့် ဝယ်ယူသုံးစွဲသူ ပိုမိုများပြားလာစေပြီး  ပုံမှန်ထက်ရောင်းအား တက်စေပါတယ်။ မြန်မာ ဝဘ် ဒီဇိုင်နာမှ ပြုလုပ်ပေးတဲ့ Mobile App များဟာ သုံးစွဲသူ လူကြီးလူငယ် မရွေး  လွယ်ကူ စွာနဲ့ အခက်အခဲမရှိ သုံးလို့ အဆင်ပြေစေတဲ့ အပြင် အင်တာနက် ဒေတာ အများကြီး သုံးစွဲစရာမလိုပဲ သုံးလို့ရအောင် ပြုလုပ်ပေးထားပါတယ်။

၃။ ပြိုင်ဘက်များနဲ့ ယှဉ်လာတိုင်း ခြေတစ်လှမ်း အမြဲရှေ့ရောက်နေခြင်း

အပေါ်က အချက်တွေ မှာ ပြောထားတဲ့အတိုင်း Mobile App တစ်ခု ရှိခြင်းဖြင့် လုပ်ငန်းကို ယုံကြည်မှု၊ အထင်ကြီးမှု တိုးလာစေပြီး ရောင်းအားလည်း ပိုကောင်းလာစေတာကြောင့် ပြိုင်ဘက်များနဲ့ ယှဥ်လာတိုင်း လူကြီးမင်းရဲ့လုပ်ငန်းဟာ ခြေတစ်လှမ်း အမြဲရှေ့ရောက်နေမှာပါ။

Mobile App တစ်ခုပြုလုပ်ပါက ပါဝင်မယ့် ဝန်ဆောင်မှုတွေကတော့

  • 1. Mobile App အတွက် ဆွေးနွေးပေးခြင်း (Consulting)
  • 2. Mobile App ဒီဇိုင်း ရေးဆွဲပေးခြင်း (UI Designing)
  • 3. Mobile App ရေးသာခြင်း (Coding)
  • 4. Quality Assurance နှင့် Testing ပြုလုပ်ခြင်း
  • 5. Google Play Store နှင့် App Store များတွင် တင်ပေးခြင်း (Launching) တို့ဖြစ်ပါတယ်။

မြန်မာ ဝဘ် ဒီဇိုင်နာမှ ပြုလုပ်ပေးထားသော Mobile App များ

18mileforest 1

18mile Forest

janak 1

Yuzanar Land