Myanmar Web Designer Logo Let's code your dream!

This post is also available in: English

Sales & Marketing (၄) ဦး အလိုရှိသည်။ (၁၅၀,၀၀၀ – ၃၅၀,၀၀၀)
—————————
Junior ကော Senior level တွေပါ လျှောက်နိုင်ပါတယ်။ ဘွဲ့ရ (သို့) ကျောင်းကိစ္စ လုံး၀ ကင်းရှင်းရပါမယ်။

Junior အတွက် လိုအပ်တဲ့အရည်အချင်းများကတော့
၁။ Sales နယ်ပယ်တွင်လုပ်သက် (၁) နှစ်အနည်းဆုံးရှိရပါမည်။
၂။ အင်တာနက်၊ အီးမေးလ်၊ Microsoft Office (Word, Excel, Powerpoint) အသုံးပြုနိုင်ရပါမည်။
၃။ (၁) နှစ် အနည်းဆုံး လုပ်ကိုင်နိုင်ရပါမယ်။
၄။ စကားအပြောအဆို ချိုသာ၊ ယဉ်ကျေးသူ ဖြစ်ရပါမယ်။

Senior အတွက်ကတော့ Junior level အရည်အချင်းများအပြင်
၁။ အတွေ့အကြုံ (၂) အနည်းဆုံးရှိရပါမယ်။
၂။ အင်္ဂလိပ်စာ ပြောဆို ရေးသားနိုင်ရပါမယ်။
၃။ Proposal နှင့် အလားတူ စာရွက်စာတမ်းများ ကောင်းမွန်စွာ ပြင်ဆင်နိုင်ရပါမယ်။
၄။ Junior များနဲ့ ပူးပေါင်းဆောင်ရွက်ဖူးသူ ဖြစ်ရပါမယ်။

ဒီလူတွေကို ဦးစားပေး ခေါ်ယူပါမယ်။
—————————————
(၁) Marketing အလုပ်ကိုစိတ်ပါဝင်စားပြီး ဂုဏ်ယူသူ
(၂) Website, Software, App ရောင်းဖူးသူ (သို့) ဆက်စပ်နယ်ပယ်တွင် လုပ်ကိုင်ဖူးသူ
အရည်အချင်းတူလျှင် CV ပြင်ဆင်မှုကောင်းသူကို ဦးစားပေးပါမယ်။

အလုပ်လျှောက်လိုသူများအနေဖြင့်
—————————————
[email protected] သို့ကိုယ်ပိုင် email ဖြင့် ယခင်အလုပ်တွေမှာ တာဝန်ယူခဲ့တဲ့ အပိုင်းတွေကို ဖော်ပြထားတဲ့ CV Form နှင့် အခြားအထောက်အထားများ စုံလင်စွာပေးပို့ရပါမယ်။

ရုံးတက်ရက်
————-
– ရုံးချိန် = (၉:၀၀ – ၁၈:၀၀ ၊ တနင်္လာ – သောကြာ)
– ပိတ်ရက် = စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ
|
MWD ဆိုတာ စနစ်ကျ၊ တက်ကြွပြီး၊ ဖော်ရွေတဲ့ လူငယ်များနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အဲဒီလိုပတ်ဝန်းကျင်ကို နှစ်သက်တဲ့သူများအတွက် အဆင်ပြေပါတယ်။ ဗဟုသုတနဲ့ skill တွေတိုးတက်ဖို့ အခွင့်အလမ်းတွေရှိတဲ့အပြင် အောက်ပါခံစားခွင့်တွေလည်း ရှိပါသေးတယ်။

ခံစားခွင့်များ
——————–
– Sale percentage
– ရက်မှန်ကြေး
– နောက်ကျခွင့်
– ရှောင်တခင်ခွင့်
– လုပ်သက်ခွင့်
|
အထွေထွေမေးမြန်းရန် အောက်ပါအချက်အလက်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖုန်းနံပါတ် —- 09 431 44962
လိပ်စာ ——- အမှတ် (၃၆၇)၊ (၄) လွှာ၊ အောက်ကြည့်မြင်တိုင် လမ်းမပေါ်၊ ဆင်မင်းစျေးမှတ်တိုင်အနီး ၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
|
ဒီလိုအခွင့်အရေးကောင်းတစ်ခုကို Share, Mention လုပ်ပြီးတော့ သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်ပါဦး။