Myanmar Web Designer Logo Let's code your dream!

Myanmar Web Designer (MWD) Co., Ltd.

Web Design, Digital Marketing, Mobile App & Graphic Design

This post is also available in: English

သင့်လုပ်ငန်းကို လူအများက အလွယ်တကူ မှတ်မိနေစေဖို့နဲ့ အထင်ကြီး လေးစားစေဖို့အတွက် ဂရပ်ဖစ် ဒီဇိုင်းဟာ မရှိမဖြစ် အရေးပါပါတယ်။
ဒီလို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ဂရပ်ဖစ် ဒီဇိုင်းကို ရေးဆွဲရာမှာ ပရော်ဖက်ရှင်နယ်ကျကျ စွမ်းဆောင်ဖို့ အခွင့်အရေး မရှိခဲ့ရင်တောင် အခြေခံအချက်တွေမှာတင် အမှားအယွင်းကင်းနေစေဖို့အတွက် ဗဟုသုတလေးတစ်ချို့ကို MWD က မျှဝေပေးလိုက်ပါတယ်။

(၁) Font အမျိုးအစား များပြားစွာ သုံးခြင်း
 မတူညီတဲ့ Font မျိုးကို အများကြီး အသုံးပြုထားတဲ့ ဒီဇိုင်းဟာ အခန့်မသင့်ရင် အရည်အသွေးညံ့တဲ့ ဒီဇိုင်းမျိုး ဖြစ်စေနိုင်ပါတယ်။
တစ်ကယ်ဆိုရင် ဒီဇိုင်းတစ်ခုမှာ အများဆုံး Font အမျိုးအစား (၃)ခု သာ အသုံးပြုပြီး ထူလိုက်၊ ပါးလိုက်၊ စောင်းလိုက် ကြိုက်နှစ်သက်သလို လိုက်ညှိလို့ရပါတယ်။
(၂) ဒီဇိုင်းနဲ့ မလိုက်ဖက်သည့် Font များ သုံးခြင်း
Font ရွေးချယ်တဲ့အခါမှာ ကိုယ်အသုံးပြုနေကျ Font ကိုသာ ရွေးချယ်တာမျိုး၊ လှတဲ့ Font ကိုသာ ရွေးချယ်တာမျိုး မလုပ်ရပါဘူး။
ကိုယ်ဖန်တီးမယ့် ဒီဇိုင်းဟာ နူးညံ့သလား၊ မာကြောသလား၊ ဝမ်းနည်းစရာလားဆိုတာကို သေချာစဉ်းစားပြီး သူနဲ့လိုက်ဖက်မယ့် Font မျိုးကိုသာ ရွေးချယ်မယ်ဆိုရင် သင့်ဒီဇိုင်းဟာ ပိုပြီးတော့ ထည်ဝါ လှပသွားပါလိမ့်မယ်။
(၃) အရောင်ရောစပ်မှု မမှန်ကန်ခြင်း
 ဒီဇိုင်းမှာ အရောင်တွေ ပေါင်းစပ် အသုံးပြုတဲ့အခါမှာ နောက်ခံကာလာကို လျစ်လျူရှုထားမယ်ဆိုရင် စာလုံးများ ဖတ်မရတာမျိုး၊ ကြောင်တောင်တောင်နိုင်တဲ့ ဒီဇိုင်းမျိုးဖြစ်သွားနိုင်ပါတယ်။
အရောင်ရောစပ်တဲ့အခါမှာ အလင်းအမှောင် မှန်ကန်ဖို့နဲ့ background ပေါ်မူတည်ပြီး စာလုံးပေါ်လွင်စေမည့် အရောင်မျိုးကိုသာ ပေါင်းစပ် အသုံးပြုပါ။
(၄) စာလုံး အထားအသို မှားယွင်းခြင်း
ဒီဇိုင်းမှာ ထည့်သွင်းထားတဲ့ စာလုံးအားလုံးကို အကြီးနဲ့ ရေးပစ်တာမျိုး ၊ သေးပစ်တာမျိုး မလုပ်ရပါ။
စာလုံးတွေထဲကမှ ကိုယ် Highlight လုပ်ချင်တဲ့ စာလုံးတစ်ချို့ကိုသာ ကြီးပြီး မလိုအပ်တာကို အသေးနဲ့ ရေးမယ်ဆိုရင်တော့ ဒီဇိုင်းမှာ ကိုယ်ပြောချင်တဲ့ Message ဟာ ပိုပြီးပေါ်လွင်စေမှာပါ။
(၅) မညီညာတဲ့ စာလုံးအကွာအဝေးများ
စာလုံးတွေဟာ တစ်လုံးနဲ့တစ်လုံး အကွာအဝေး မတူညီခြင်း၊ နေရာလွတ်မရှိအောင် အကုန်ပြည့်ကျပ်နေခြင်း၊ နေရာတကျ မရှိခြင်းတို့ဟာ ဒီဇိုင်းကို လုံးဝ စုတ်ခြာစေနိုင်ပါတယ်။
ဒီဇိုင်းထဲမှာ Element တွေဟာ သပ်ရပ်နေရမယ်၊ အဓိက အချက်အလက်တွေဟာ ပေါ်လွင်နေရမယ်၊ စာလုံးအကွာအဝေးတွေဟာ ညီညာနေမှသာလျှင် ရှင်းလင်းပြီး အလွယ်တကူ သဘောပေါက်စေမှာ ဖြစ်ပါတယ်။
နောက်ထပ်လည်း ဗဟုသုတများစွာကို တင်ပေးဦးမှာဖြစ်လို့ MWD Websiteမှာအမြဲဝင်ဖတ်ဖို့ မမေ့ပါနဲ့နော်….